ဗုဒ္ဓဘာသာသည်သာ အမှန်ကန်ဆုံး ဖြစ်ပြီး တခြားသော ဘာသာများသည် မှာယွင်းနေပါသလား???????
ဒီမေးခွန်းလေးကို Australia ဆရာတော် Venerable Shravasti Dhammika က ဒီလိုဖြေရှင်းထားပါတယ်။
ဗုဒ္ဓရဲ့ အဆုံးအမကို အမှန်တကယ် နားလည်သော သူများသည် တခြားဘာသာတရားတို့ ကို အပြစ်မမြင်ပါဘူး။ ကိုယ်ကိုးကွယ်တဲ့ ဘာသာမဟုတ်သော ဘာသာမှာကို အမှန်တကယ်သိနားလည်လိုပြီး မေးမြန်းတဲ့သူ ရှားပါတယ်။ ဘာသာတရားတိုင်းသည် လူသားများ၏ လိုအင်ဆန္ဒမပြည့်စုံမှုကို သိမြင်ကြသည်။ ထိုအတွက်ကြောင့် လိုက်နာသင့် သည့် နီတိ၊ ကျင့်ဝတ်တရားများအသီးသီး သတ်မှတ်ခဲ့ချသည်။ ထိုကျင့်ဝတ်များတွင် မေတ္တာတရား သည်းခံခြင်း သဘောထားကြီးခြင်း တာဝန်သိတတ်ခြင်း စသည့် ကောင်းသောအကျင့်စရိုက်များ ပါဝင်ခဲ့သည်။ သို့သော် ထိုအရာများကို ဘာသာစကားအမျိုးမျိုး၊ သင်္ကေတအမျိုးမျိုး၊ စကားလုံးအမျိုးမျိုးဖြင့် ပြောဆို ဖွင့်ဆိုခဲ့ကြ၏။ မိမိဝါဒ၊ မိမိဘာသာ၊ မိမိအတွေးသာလျှင် အမှန်၊ မာနတရားတို့ဖြင့် ဘာသာတရားတို့ကို ကျဉ်းမြောင်းသော အမြင်ဖြင့် မြင်ခဲ့ကြ၏။ ပမာဆိုရသော် -
အင်္ဂလိပ်၊ ပြင်သစ်၊ တရုတ်၊ အိန္ဒယ လူမျိုး ဖြစ်ကြသည့် လူလေးယောက် ခွက်တစ်ခွက်ကိုကြည့်ပြီး ငြင်းခုံဆွေးနွေးနေတယ်... ဘာပြောနေတာလဲ ဆိုတော့...............
အင်္ဂလိပ် ။ ။ ဒါက "cup" ပဲ။
ပြင်သစ် ။ ။ မဟုတ်ဘူး ဒါက "tasse" ပါကွာ။
ဒီတော့......
တရုတ်က ပြောလိုက်တယ်။ " မင်းတို့ မှားနေပြီ ဒါက " pie" ကွ " တဲ့။
အိန္ဒယက သူတို့တွေကို ကြည့်ပြီးရယ်လိုက်တယ်။ " မင်းတို့ အရူးတွေပဲ ဒါက ” cawan ” ပါ ”
အင်္ဂလိပ်က ဒါနဲ့ သူ့ရဲ့ dictionary ကို ယူပြတယ်
" ဒီမှာ တွေ့ လား ငါ့ dictionary မှာ cup လို့ရေးထားတယ်”
ပြင်သစ်ကလည်း အားကျမခံ သူ့ dictionary ကိုထုတ်ပြပြီး ပြောလိုက်တာက .........
” ငါ့ dictionary မှာလည်း tasse လို့ ကိုအခိုင်အမာပြောထားတာကွ ”
တရုတ်ကလည်း " ငါ့ dictionary က မင်းတို့ ထက် နှစ်ထောင်ပေါင်းများစွာ ရှေးကျတယ် ပြီးတော့ ငါတို့ ဘာသာစကားတတ်တဲ့သူက ပိုများတယ် ဒီတော့ 'pie' မှ 'pie' အစစ်”
ဒီလိုနဲ့ တစ်ယောက်နဲ့ တစ်ယောက် ငြင်ကြ ခုန်ကြ စကားများနေကြတယ်။
ဒီအချိန်မှာ .................
ဗုဒ္ဓဘာသာဝင်တစ်ယောက်ရောက်လာပြီးတော့ ခွက်ကို ယူပြီး သောက်ပြလိုက်တယ်။
မင်းတို့ ပြောနေကြတဲ့ "cup" "tasse" "pie" "cawan" ဘယ်လိုပဲခေါ်ခေါ် အဓိက ဒီခွက်က ဘာလုပ်ဖို့လဲ????????
ငြင်းခုံနေတာတွေရပ်လိုက်ပါ၊ စကာခွန်းကြီး ခွန်းငယ်ပြောဆိုနေတာတွေရပ်လိုက်ပြီး
ရေဆာခြင်းကို ဖြေဖျောက်သင့်ပါတယ်
လို့ ပြောလိုက်ပါတော့တယ်။
ဗုဒ္ဓဘာသာဆိုတာက တခြားဘာသာတွေပေါ် အထက်က ပြောခဲ့သလို အမြင်တွေရှိပါတယ် တဲ့
ဆရာတော် ဟောပြောချက် ဖြေကြားချက်လေးကို တတ်သလောက်လေး ဘာသာပြန် လိုက်ပါတယ်
ခင်မင်လျှက်
နန်းဝတ်ရည် Tags: ဘာသာရေး
Subscribe to:
Post Comments (Atom)

No comments:
Post a Comment