အရာရာတိုင်းသည် တည်မြဲခြင်းမရှိ။ အချိန်တိုင်း အမြဲတမ်း ဖောက်ပြန်ပြောင်းလဲ ပျက်စီးနေကြသည်ကို ဉာဏ်မျက်စိဖြင့် မြင်အောင် ကြည့်နိုင်ဖို့ လိုအပ်သည်။ စကြာဝဠာ အတွင်းရှိ မည်သည့်အရာပင် ဖြစ်လင့်ကစား တစ်နေ့နေ့ တစ်ချိန်ချိန်တွင် ပျက်စီးရပေလိမ့်မည်။ ဤသည်ကား လောကနိယာမ တရားသဘောပင်ဖြစ်သည်။ တည်မြဲသော အတ္တသဘော တစ်ခုမျှ မရှိ။ အားလုံးသည် မမြဲသော အနိစ္စသဘောသာ ရှိသည်။ ဤကဲ့သို့ သံဝေဂ သဘောတရားများကို သိရှိလာပြီဆိုလျှင် တွယ်တာခြင်း၊ ကပ်ငြိခြင်း စသည့်လောဘ သဘောသည် နည်းပါးလာရပေသည်။ ယင်းကဲ့သို့ သံဝေဂ သဘောတရားများကို မသိရှိသေးသ၍ လောဘသည် အဆုံးသတ်နိုင်လိမ့်ဦးမည် မဟုတ်။ ထပ်တိုးဖို့သာ ရှိပေလိမ့်မည်။ မည်သည့် ခံစားမှု ဝေဒနာမှန်သမျှကို သတိဉာဏ်ဖြင့် စောင့်ကြည့်နိုင်မှသာလျှင် နောက်ထပ်တစ်ဆင့် ဖြစ်သော လောဘအဆင့်သို့ မရောက်နိုင်အောင် တားဆီးနိုင်လိမ့်မည်။ (အိန္ဒိယနိုင်ငံ၊ နယူးဒေလီတက္ကသိုလ်)
http://ashinnyanadipa.blogspot.com
Thursday, February 4, 2010
Subscribe to:
Post Comments (Atom)

No comments:
Post a Comment