Wednesday, September 21, 2011

တန်ဖိုးထား တတ်ပါစေ သမ္ဗုဒ္ဓေ ဂါထာတော်

တန်ဖိုးထား တတ်ပါစေ သမ္ဗုဒ္ဓေ ဂါထာတော်

by Kabyar Khin on Wednesday, September 7, 2011 at 10:39am

သမ္ဗုဒ္ဓေ ဂါထာတော် ကို လူတိုင်း ရနေပေမယ့် တန်ဖိုး ထားရကောင်းမှန်း
မသိကြဘူး၊ လူ့စိတ် ဆိုတာကလဲ အခက်သားကလား၊ လူတိုင်း ရနေတဲ့ ဂါထာတွေ
တရားတွေ အဆုံးအမတွေ ဆိုရင် အထင်မကြီးချင်ကြဘူး၊ သူများ မရသေးတဲ့
မသိသေးတဲ့ ဂါထာ ဆိုရင် လိုချင်ကြတယ်၊ ပြီးတော့ ပြောလိုက်သေး၊ ဒီဂါထာက
ဘယ်လို စွမ်းတယ်၊ ဘယ်လို အစီအရင်တွေနဲ့ လုပ်ထားတာ၊ စသဖြင့် စုံနေတာပဲ။
ဘာထူးသလဲ ကြည့်လိုက်တော့ ဂါထာ အစတွေမှာ ဥုံ သြောင်း စတဲ့ အထက်ဂိုဏ်း
အောက်ဂိုဏ်းတွေက သုံးနေကျစကားတွေ ပါနေတယ်၊ ဒါကြောင့် မသိသေးသူ တွေကို
သိစေချင်ပါတယ်၊

ဥုံ တွေ သြောင်းတွေ ပါလာပြီ ဆိုရင် ဘုရားဟော စစ်စစ် ဂါထာတွေ မဟုတ်ပါဘူး၊
မိမိ လေ့လာ လက်လှမ်းမှီသလောက် ပိဋကတ်သုံးပုံ ထဲမှာ ဥုံ သြောင်း ပါတဲ့
ပါဠိ ဂါထာတွေ တနေရာမှာမှ မတွေ့ဘူးသေးဘူး၊ ဒါကြောင့် လက်ကမ်း စာရွက်လေးတွေ
ကတ်ထူ စာရွက်လေးတွေမှာ ရေးထားတဲ့ ဘာသိဒ္ဓိ ညာသိဒ္ဓိ တွေ ပြီးစေနိုင်တယ်၊
ရွတ်ဖြစ်အောင် ရွတ်ပါ ဆိုပြီးတော့ စီးပွားဖြစ် ရောင်းချနေတာတွေ မြင်ရတော့
အင်း ဒါလဲ သံကို သံဖျက် သံချေးတက် ဆိုတာပဲပေါ့ လို့တွေးမိပြန်တယ်၊

တကယ်တော့ နည်းနည်း သိသူတွေက စီးပွားဖြစ် လုပ်စား ထုတ်ရောင်းနေတာတွေကို
တရားကို ကောင်းကောင်း မသိသေးသူတွေက အဟုတ်တကယ်ထင်ပြီး ရွတ်ကြ ဖတ်နေကြတယ်၊
သေချာ စစ်လိုက်ရင်လဲ ပါဠိတွေက တလွဲတွေ ချည်းပဲ၊
စိတ်မကောင်းစရာမြင်ကွင်းတွေပါ၊ ဘုရားရဲ့ တရားတော်တွေကို ကိုယ်ပိုင်
အယူအဆတွေနဲ့ ရောနှောပစ်လိုက်ကြတော့ သဲတရှပ်ရှပ် နဲ့ ၀က်သားကို
စားနေရသလိုပေါ့၊ စာရေးသူ လဲ ခဏတိုင်း ကြုံဖူးပါတယ်၊

အရှင်ဘုရား
ပစ္စည်းဥစ္စာ ပေါများချင်ပါတယ်၊ ဘယ်လို လုပ်၇မလဲ ---
ရောဂါ ကင်းချင်ပါတယ်၊
အလွမ်းတွေ နဲ့ မဆုံ မကြုံချင်ပါဘူး၊

အလွမ်းတွေ ပျောက်ပြီး ရက်တိုတို နဲ့ ထိရောက်တဲ့ တရားထိုင်နည်းကို ပေးပါ တဲ့၊
ထီပေါက်စေနိုင်တဲ့ ဂါထာ ရှိရင် ပေးပါတဲ့၊
ကားရောင်းထွက်အောင် ဆိုင်ကယ် ရောင်းထွက်အောင် ယတြာ ချေပေးပါ တဲ့၊
ဈေးရောင်း ကောင်းစေမဲ့ ဂါထာ ပေးပါ တဲ့၊

မရှိပါဘူး ဆိုတော့ ရှိအောင် ရှာဖွေပေးပါတဲ့ ၊ ကဲ ဘယ်နှယ့်လုပ် ရမလဲ
စဉ်းစားသာ ကြည့်ပေတော့ ၊
တကယ်တော့ အရမ်းယုံ၊ မှန်းဆယုံနဲ့ သူများထက် ထူးဆန်းတာ ကို လုပ်နေသူကိုမှ
အထင်ကြီးတတ်ကြတာ လူ့သဘာဝလို ဖြစ်နေပြီ၊ စာရေးသူတို့ ဆရာသမား အဆက်ဆက်
ကတော့ ဆုံးမစကား အမြဲပြောကြတယ်၊ အနေရိုးစေ အသိ ဆန်းစေ တဲ့၊ နေတာ ထိုင်တာ
စားတာ သောက်တာ ၀တ်တာ စားတာ ရိုးရိုးသားသား သန့်သန့်ရှင်းရှင်း
သပ်သပ်ရပ်ရပ် ရှိပါစေ၊ အသိပညာ အတတ်ပညာ ဗဟုဿုတအနေနဲ့ အားလုံး သိနိုင်
တတ်နိုင်ရင် အကောင်းဆုံး ပဲ တဲ့၊ အခုတော့ အနေ လဲ မရိုးကြတော့သလို အသိလဲ
ဆန်းနေကြပါတယ်၊

ဒါပေမယ့် ဘာသာရေး အသိမှာတော့ အားနည်းနေကြသေးတယ်၊ ငယ်ငယ် သာမဏေဘ၀ က
ကြုံခဲ့ဖူးတယ်၊ ကျေးဇူးရှင်တွေပါပဲ၊ ကိုယ့်ရဲ့ ဆွမ်းခံအိမ် က ဒါယကာမကြီး
တယောက်က ဂိုဏ်းဆရာတွေကို သိပ်ယုံတယ်၊ အထက်ဂိုဏ်းဆရာတွေ အောက်ဂိုဏ်းဆရာတွေ
အိမ်ကို လာရင် လက်အုပ် ချီပြီး တရိုတသေ ပေးတယ်၊ ရသေ့တွေ လဲ ကိုးကွယ်တာပဲ၊
နောက်ပြီး မိမိ နဲ့ အတူ တတန်းထဲ ထိုင်ပြီး ပူဇော်ခံပါ တဲ့၊ ဘာလို့
ဒီလောက် လက်အုပ်ချီနေတာလဲ မေးတော့ သူတို့ကို ကလန်ကဆန် လုပ်ရင် သူတို့က
ပညာ နဲ့ လုပ်မှာ တဲ့၊ ကိုးကွယ်ရင် စီးပွား တက်အောင် လုပ်ပေးမယ် ဆိုသတဲ့၊

စာရေးသူက သတိပေး စကား ပြောလိုက်တယ်၊ ဒါယကာ မကြီး-- ကြည်ညိုတာ
လွဲနေတယ်၊သေချာ စဉ်းစားပါအုံး၊ လို့၊ တခါ နှစ်ခါ သတိပေးလို့ မရတော့တာနဲ့
နောက်ကျတော့ အိမ်ကို ဆွမ်းခံမကြွတော့ဘူး၊ ဘုရားကလဲ အဲလို လူမျိုးကို
ဆက်လက် မပေါင်းသင့်ဘူး လို့ ဟောထားတာကိုး။

အထက်က ဖော်ပြခဲ့တဲ့ အဖြစ်အပျက်က ထူးဆန်းတာကိုမှ ယုံကြည် နေကြဆဲ ဆိုတာ
သက်သေပေါ့။ လူတိုင်း ရနေတဲ့ နမော တဿ ဘုရားရှိခိုးတို့၊ သရဏဂုံ
သုံးပါးတို့၊ ဒါတွေလောက်ကို အထင်မကြီးတတ်တော့ဘူး၊ မတွေ့ဘူးတဲ့
ခပ်ဆန်းဆန်း ဂါထာမျိုးမှ အထင်ကြီးပြီး ရွတ်ချင်ကြတယ်၊

အခုတော့ ရိုးရှင်းပြီး လူတိုင်းသိနေပြီးသားဆိုပေမယ့် အဓိပ္ပါယ် မသိလို့ပါ
ရှင်းပြပေးပါ လို့ မေးမြန်းနေကြ တာကြောင့် အနက် အဓိပ္ပါယ်
မြန်မာပြန်နှင့်တကွ ရေးသားလိုက်ပါတယ်၊အကျိုးကျေးဇူး
အနေနဲ့  ပရလောက မှ
အမှောင့်ပယောဂ၊ စုန်း ကဝေ သရဲ စတာတွေ လုံးဝ မနှောက်ယှက်နိုင်တာ
ကိုယ်တွေ့ပါပဲ၊  အချုပ်အနှောင် တွေ၊ သူတပါး စွပ်စွဲ ခံရတာတွေ
ပျောက်စေနိုင်ပြီး ကား ရထား လေယဉ် စီးသူတွေအနေနဲ့  မသွားခင် သွားဆဲ
ရွတ်ပွားနေသင့်ပါတယ်၊

အန္တရာယ်ကင်း သမ္ဗုဒ္ဓေ ဂါထာတော်ကြီး

သမ္ဗုဒ္ဓေ အဋ္ဌဝီသဉ္စ၊
ဒွါဒသဉ္စ သဟဿကေ၊
ပဉ္စဿတ သဟဿာနိ၊
နမာမိ သိရသာမဟံ။
အပ္ပကာ ဝါဠုကာ ဂင်္ဂါ၊
အနန္တာ နိဗ္ဗုတာ ဇိနာ၊
တေသံ ဓမ္မဉ္စ သံဃဉ္စ၊
အာဒရေန နမာမဟံ။
နမက္ကာရာ နုဘာဝေန၊
ဟိတွာ သဗ္ဗေ ဥပဒ္ဒဝေ၊
အနေက အန္တရာယာပိ၊
ဝိနဿန္တု အသေသတော။

အနက်အဓိပ္ပာယ် ဂါထာ အနက်
အဋ္ဌဝီသဉ္စ ဒွါဒသဉ္စ သဟဿကေ ပဉ္စဿတ သဟဿာနိ-- အေ၇အတွက် ပမာဏ ငါးသိန်း တစ်သောင်း
နှစ်ထောင် နှစ်ကျိပ်ရှစ်ဆူ ( ၅၁၂၀၂၈ ) အတိုင်းအရှည်ရှိကုန်သော၊ သမ္ဗုဒ္ဓေ စ
အဆူဆူ ပွင့်တော်မူပြီးသော ဘုရားရှင်တို့အား၊ အဟံ - ဘုရားတပည့်တော်သည်၊
သိရသာ - ဦးခေါင်းအင်္ဂါ မြတ်ရတနာဖြင့်၊ နမာမိ- ရိုသေမြတ်နိုး လက်စုံမိုး၍
ရှိခိုးပါ၏ အရှင်ဘုရား၊

ဂင်္ဂါ၊ - ဂင်္ဂါမြစ်ထဲ၌ ရှိကုန်သော၊ ၀ါဠုကာ - သဲပွင့်တို့သည်၊ အပ္ပကာ - နည်းသေး၏။
နိဗ္ဗုတာ - ပရိနိဗ္ဗာန် စံတော်မူပြီး၍ ငြိမ်းအေးတော်မူပြီးကုန်သော၊
ဇိနာ - ငါးမာန်အောင်မြင် ဘုရားရှင်တို့သည်၊ အနန္တာ - ဤ၍ ဤမျှ ဂဏန်းချ၍
ရေတွက်ခြင်းငှါ မစွမ်းနိုင်ပါပေ၊

အဟံ - ဘုရားတပည့်တော်သည်
တေသံ - ပရိနိဗ္ဗာန်စံတော်မူပြီးကုန်သော ဘုရားရှင်တို့၏ ၊
ဓမ္မဉ္စ - နှုတ်မြွက် ဟောဖော် တရားတော်ကို၎င်း၊
သံဃဉ္စ - တပည့်သား သံဃာတော်မြတ်ကို၎င်း၊
အာဒရေန - ရိုသေလေးမြတ်သောအားဖြင့်၊
နမာမိ - ရှစ်ခိုးပူဇော်ပါ၏ ။

နမက္ကာရာ နုဘာဝေန၊ - ဤသို့ ရှစ်ခိုးပူဇော် ဖူးမြှော်မာန်လျော့ ကန်တော့ရသော
ကုသိုလ်ကံ စေတနာတို့ကြောင့်၊
သဗ္ဗေ - ခပ်သိမ်းကုန်သော၊
ဥပဒ္ဒဝေ - ဘေးရန် ဥပါဒ် မှန်သမျှတို့ကို၊
ဟိတွာ - ပယ်ဖြတ်၍၊

အနေက အန္တရာယာပိ၊ - တစ်ပါးမက များစွာကုန်သော အခြားသော အန္တရာယ် အားလုံး တို့သည်လည်း၊
အသေသတော - အကြွင်းအကြံမရှိသောအားဖြင့်၊( အကျိုးမပေးနိုင်သောအားဖြင့် )
ဝိနဿန္တု - ပြောက်ပျက်ပါစေကုန်သတည်း။

မြန်မာပြန်--
အေ၇အတွက် ငါးသိန်း တစ်သောင်း နှစ်ထောင် နှစ်ကျိပ်ရှစ်ဆူ ( ၅၁၂၀၂၈ )
ကုန်သော ပွင့်တော်မူပြီးသား ဘုရားရှင်တို့အား ဘုရားတပည့်တော်ရဲ့ -
ဦးခေါင်း ရတနာဖြင့် ရှိခိုးပါ၏ အရှင်ဘုရား၊
ဂင်္ဂါမြစ်ထဲမှာ ရှိနေတဲ့ သဲတွေက နည်းပါးနေပါသေးတယ်၊
ပရိနိဗ္ဗာန် စံတော်မူပြီးတဲ့ ဘုရားရှင်တွေကတော့ ဤ၍ ဤမျှ ဂဏန်းချ၍
ရေတွက်ခြင်းငှါ မစွမ်းနိုင်ပါ။

ဘုရားတပည့်တော်သည် ထိုဘုရားရှင်တွေရဲ့ တရားတော် အရိယာသံဃာ သမ္မုတိ သံဃာတော်တွေ
အားလည်း ရိုသေလေးမြတ်စွာ ရှစ်ခိုးပါ၏ ။

ဤသို့ ရှစ်ခိုးပူဇော် ဖူးမြှော်မာန်လျော့ ကန်တော့ရသော ကုသိုလ်ကံ
စေတနာတို့ကြောင့်၊ ဘေးရန် ဥပါဒ် အလုံးစုံကို ပယ်ဖြတ်ပြီး သကာလ အခြားသော
အန္တရာယ် အားလုံးတို့သည်လည်း၊အကြွင်းအကျံ မရှိသော
အားဖြင့် ပျောက်ပျက် လွင့်ပြယ် ပါစေကုန်သတည်း။

စစ်မှန်သော တရားတော်တို့ကို တန်ဖိုးထား အသုံးချနိုင်ကြပါစေ

Thursday, March 25, 2010

ဗန်းမော်ဆရာတော်ကြီးနှင့် ဆရာတော် ဦးကေလာသတို့၏ နောက်ဆုံးရတရားပွဲ အစီအစဉ်များ

ဓမ္မမိတ်ဆွေသူတော်စင်အပေါင်းတို့ခင်ဗျား


ဗန်းမော်ဆရာတော်ကြီးနှင့် ဆရာတော် ဦးကေလာသတို့၏ နောက်ဆုံးရတရားပွဲ အစီအစဉ်များ ( Latest updated programme ) ကို သိရှိနိုင်ရန်နှင့် တရားတော်နာ ကြွရောက်နိုင်ကြပါရန်
အသိပေး နှိုးဆော်အပ်ပါသည်။

(ဆရာတော်ကြီးနှင့် အဖွဲ့ သည် စင်္ကပူတွင် ၂၉-၀၃-၂၀၁၀၊ တနင်္လာနေ့ ထိ သီတင်းသုံးနေထိုင်သွားမည်ဖြစ်ပါသည်)

တရားပွဲကျင်းပမည့်အစီအစဉ်
စဉ်နေ့ရက်အချိန်ဟောကြားမည့်တရားတော်ဟောကြားမည့်ဆရာတော်နေရာ

1.   20 Mar 2010 (Sat)04:00 to 05:15 pm  ပဋ္ဌာန်းတရားတော်အပိုင်း (၁)ဗန်းမော်ဆရာတော်ကြီးInformatics Centre

  05:45 to 07:00 pm     ပဋ္ဌာန်းတရားတော်အပိုင်း (၂)ဗန်းမော်ဆရာတော်ကြီးInformatics Centre

2.   21-Mar 2010 (Sun)02:00 to 03:15 pm အပါယ်တံခါးပိတ်တရားတော်ဗန်းမော်ဆရာတော်ကြီးInformatics Centre

04:00 to 05:15 pm မြေဇင်းဝိပဿနာအပိုင်း (၁)ဦးကေလာသInformatics Centre

05:45 to 07:00 pm နိဗ္ဗာန်တံခါးဖွင့်တရားတော်ဗန်းမော်ဆရာတော်ကြီးInformatics Centre



3.   27-Mar 2010 (Sat)04:00 to 05:15 pmပဋ္ဌာန်းတရားတော်အပိုင်း (၃)ဗန်းမော်ဆရာတော်ကြီးInformatics Centre

    05:45 to 07:00 pmမြေဇင်းဝိပဿနာအပိုင်း (၂)ဦးကေလာသInformatics Centre


4.  28-Mar 2010 (Sun )04:00 to 05:15 pm  မြေဇင်းဝိပဿနာအပိုင်း (၃)ဦးကေလာသInformatics Centre

05:45 to 07:00 pmပဋ္ဌာန်းတရားတော် အပိုင်း (၄)ဗန်းမော်ဆရာတော်ကြီးInformatic Centre



သိမ်ထပ်မင်္ဂလာ ဖိတ်ကြားလွှာ
Lotus Foundation ညီအစ်ကို မောင်နှမများမှ (၂၈-၀၃-၁၀) တနင်္ဂနွေနေ့ နံနက်(၀၈:၀၀) နာရီတွင် တိုပါးယိုး မြန်မာဘုန်းတော်ကြီးကျောင်း၌
ဗန်းမော်ဆရာတော်ကြီး ဘဒ္ဒန္တကုမာရာဘိဝံသ၊ ရန်ကင်းအေးငြိမ်းရိပ်သာဆရာတော် ဦးကေလာသ၊ ဆရာတော် ဦးသုပိယ တို့အား
သိက္ခာထပ် အလှူတော်မင်္ဂလာ ပြုလုပ်မည်ဖြစ်ပါ၍ ကြွရောက် ကြည်ညိုကြပါရန် လေးစားစွာဖိတ်ကြားအပ်ပါသည်။

(သိမ်ဆင်း သံဃာတော် ကိုးပါးအား လှူဖွယ်ပစ္စည်းများ လောင်းလှူပူဇော်နိုင်ပါသည်။)
ဓမ္မမိတ်ဆွေသူတော်စင်အပေါင်းတို့ခင်ဗျား
ဗန်းမော်ဆရာတော်ကြီးနှင့် ဆရာတော် ဦးကေလာသတို့၏ နောက်ဆုံးရတရားပွဲ အစီအစဉ်များ ( Latest updated programme ) ကို သိရှိနိုင်ရန်နှင့် တရားတော်နာ ကြွရောက်နိုင်ကြပါရန်
အသိပေး နှိုးဆော်အပ်ပါသည်။
(ဆရာတော်ကြီးနှင့် အဖွဲ့ သည် စင်္ကပူတွင် ၂၉-၀၃-၂၀၁၀၊ တနင်္လာနေ့ ထိ သီတင်းသုံးနေထိုင်သွားမည်ဖြစ်ပါသည်)

တရားပွဲ တိုက်ရိုက်ထုတ်လွှင့်မည့် အစီအစဉ်
တရားပွဲများကို အောက်ပါ website များမှ တိုက်ရိုက် ထုတ်လွှင့်သွားမည်ဖြစ်ပါသည်။

http://live.dhammathukha.com/
http://dhammaransi.com/index.php?option=com_content&view=article&id=375&Itemid=78
http://www.apytz.net/

With Metta,
Webmaster
Dhammaransi.net

Friday, March 5, 2010

သာသနာနှင့်ကြုံတုန်းကြိုက်ပါ။

သာသနာဆိုတာမြတ်စွာဘုရားအဆုံးအမ တရားတော်တွေကိုခေါ်ဆိုတာဖြစ်ပါတယ်။


သာသနာပြုတယ်ဆိုတာ လူတစ်ယောက်ရဲ့စိတ်ထဲမကောင်းမှု့တွေပျောက်ပြီး ကောင်းတဲ့စိတ်တွေရောက်လာအောင်ဟောပြောပြသပေးတာကိုခေါ်တာပါ။ သာသနာနဲ့ပတ်သက်ပြီးအမျိုးအစားခွဲကြည့်မယ်ဆိုရင်

၁။ သာသနာနှင့်ကြုံသော်လည်းမကြိုက်သောသူ
၂။ သာသနာကိုကြိုက်သော်လည်း မကြုံသောသူ
၃။ သာသနာနှင့်ကြုံလည်းမကြုံ၊ ကြိုက်လည်းမကြိုက်သောသူ
၎။ သာသနာနှင့်ကြုံလည်းကြုံ၊ ကြိုက်လည်းကြိုက်သောသူ ဆိုပြီး၎မျိုးရှိပါတယ်။


သာသနာနှင့်ကြုံသော်လည်း၊ မကြိုက်သောသူဆိုတာ ဗုဒ္ဓဘာသာဖြစ်ပြီး ၀ိပသနာတရားကို နာကြားအားထုတ်ခြင်းမပြုတဲ့သူတွေကိုပြောတာပါ။ ဒါန၊ သီလ၊ သမထဆိုတဲ့လောကီကုသိုလ်များကတော့ သာသနာပမှာလည်းရှိပါတယ်။ အချိန်မရွေးလည်းလုပ်လို့ရပါတယ်။ ၀ိပသာနာ တရားကတော့ သာသနာငါးထောင်အတွင်းမှာသာရနိုင်ပါတယ်။ပြီးတော့ ၀ိပသာနာတရားဆိုတာ ညဏ်ပညာအရာသာဖြစ်ပြီး သားရေး၊ သမီးရေး၊ စီးပွားရေးနှင့်တွဲပြီး ရှုပွားလို့ရပါတယ်။ သမထလို အလုပ်မရှုပ်ပါဘူး။

နံပါတ် ၂ အမျိုးအစားကတော့ တစ်ယောက်ပဲရပါတယ်။ သူကတော့ မြတ်စွာဘုရား ခမည်းတော် သုဒ္ဓေါဒန မင်းကြီးကိုးကွယ်တဲ့ ကာဋ္ဌဒေ၀ီလရသေ့ကြီးပါ။ ဒီရသေ့ကြီးဟာ သမထကမဌာန်းတွေအားထုတ်လိုက်တာ ရှိသမျှ ဈာန်တွေ။ အဘိညဏ်တွေအကုန်ရပြီး မြေလျှိုး၊ မိုးပျံ၊ ကိုယ်ပျောက် စတာတွေအကုန်လုပ်နိုင်ပါတယ်။ ဘုရားမပွင့်သေးတဲ့ကာလဆိုတော့လည်း သူ့ကိုအမြတ်ဆုံးလုပ်ပြီးကိုးကွယ်ကြပါတယ်။တစ်နေ့တော့ နတ်ပြည်ရဲ့ဆိတ်ငြိမ်ရာနေရာမှာရောက်နေတုန်း နတ်သား၊ နတ်သမီးတွေ တခဲနက်အော်တဲ့အသံကြားလို့မေးကြည့်တော့ လူပြည်မှာဘုရားအလောင်းမွေးဖွားပြီးဆိုတာတွေ့သွားတယ်။ဒါကြောင့် ချက်ချင်းအဘိညဏ်တန်ခိုးနဲ့ သုဒ္ဓေါနမင်းကြီးနန်းတော်ထဲကြွသွားပြီး ဘုရားအလောင်းကို သွားကြည့်တော့ မင်းကြီးကိုယ်တိုင်မွေးကာစ နီတာရဲဘုရားအလောင်းကိုယူပြတာပေါ့။ ရသေ့ကြီးရှေ့လည်းရောက်ရော မင်းကြီးကဘုရားအလောင်းရဲ့ လက်ကလေးနှစ်ဘက်ကိုကိုင်ပြီး ရသေ့ကြီးကို ဦးတော်လုပ်ပေးဖို့ကြိုးစားတဲ့အခါ ဘုရားရဲ့ခန္ဓာကိုယ်ဟာ ရသေ့ကြီးရဲ့နဖူးထိပ်နားထိ အလိုလိုမြောက်တက်သွားတယ်။ ငါ့ကို ရှစ်ခိုးရမယ်လို့မပြောသော်လည်းပြောသကဲ့သို့နဖူးထက်မှာသွားတည်တာပါ။ ရသေ့ကြီးလည်း ခြေအစုံကိုတရိုတသေဆုတ်ကိုင်ရင်း ဘုရားတစ်ကယ်ဖြစ်မဖြစ်ကို တန်ခိုးနဲ့ဆင်ခြင်တယ်။ ဘုရားတစ်ကယ်ဖြစ်မယ်ဆိုတာလည်းမြင်ရော တရိုတသေ ရှစ်ခိုးတာနဲ့တစ်ပြိုင်နက် ဘုရားအလောင်းဟာလည်း မင်းကြီးရင်ခွင်ထဲပြန်ကျသွားတယ်။ အဲဒီအချိန်ကျမှ ရသေ့ကြီးဟာ အားပါးတရ ရယ်ခြင်းကိုပြုသလို ရှိုက်ကြီးတငင်ငိုခြင်းကိုလည်းပြုတယ်။

မင်းကြီးကအမေးရှိတဲ့အခါ ရသေ့ကြီးက `မင်းကြီးသားတော်ဟာ ဘုရားစစ်စစ်ဧကန်ဖြစ်လိမ့်မယ်။သင်နဲ့တကွဝေနေယျအများစုဟာ သင့်သားဘုရားရဲ့ဝိပသာနာတရားတွေကိုနာကြားကြရပြီး မဂ်ဖိုကိုရကြလိမ့်မယ်။ သံသရာတစ်လျှောက်လုံး အပယ်ဘေးကနေတစ်ကယ်ဝေးကြရမယ်။ သင်တို့လိုဝေနေယျတွေအတွက်ဝမ်းသာလွန်းလို့ငါရယ်ခြင်းဖြစ်ပြီး၊ သင့်သားဘုရားဖြစ်တဲ့အချိန်မှာငါကတော့ ရုပ်တရားမရှိဘဲ၊နာမ်တရားသာရှိတဲ့အရူပဗြဟာဘုံကိုရောက်နေပြီးကမ္ဘာပေါင်း၈သောင်း၎ထောင်ဒီအတိုင်းဘဲအချိန်ကုန်ရတော့မယ်။သင့်သားဘုရားရဲ့သစöာတရားကိုနာကြားခွင့်မရတော့ဘ၀သံသရာမှာဘုရားသာသနာကိုမမှီလိုက်ရတဲ့အတွက်အရှုံးကြီးရှုံးရပြီ။ အဲဒီအတွက်ငိုခြင်းဖြစ်ပါတယ်´ လို့ရှင်းပြပါတယ်။

တတိယမြောက်အမျိုးအစားကဖြစ်တဲ့ သာသနာနဲ့မကြုံလည်းမကြုံ၊ မကြိုက်လည်းမကြိုက်တဲ့ သူတွေကတော့အပါယ်ဘုံသားတွေဖြစ်ပါတယ်။သူတို့ဟာသာသနာကိုသာသနာမှန်းတောင်မသိတဲ့အတွက် သာသနာနဲ့မကြုံဘူးလို့ဆိုနိုင်ပါတယ်။ဒါကြောင့်ကြိုက်ရမှန်းလည်းမသိနိုင်တော့ပါဘူး။

နောက်ဆုံးလေးခုမြောက် သာသနာနဲ့ကြုံလည်းကြုံ၊ ကြိုက်လည်းကြိုက်သူကတော့ ဒါန၊သီလ၊သမထတင်မက ၀ိပသာနာဘာဝနာကိုပါပွားများအားထုတ်နေကြသူတွေပါ။

သာသနာနှစ် ၂၄၀၀ကျော်ကျန်သေးတယ်ဆိုပေမဲ့ ဒီနေ့သေရင်နက်ဖြန်သာသနာဟာ ကိုယ်နဲ့မဆိုင်တော့ပါဘူး။ ဒါကြောင့် အသေမဦးခင်၊ ညဏ်ဦးအောင် ကြိုးစားပါလို့တိုက်တွန်းထားတဲ့ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ သြ၀ါဒကို လိုက်နာသင့်ကြပါတယ်။


လူဟာ ငါစွဲဒိဋ္ဌိမပျောက်ဘဲ လောဘ၊ ဒေါသ၊ မောဟ စတဲ့မည်သည့်စိတ်နဲ့ဘဲဖြစ်ဖြစ်သေသွားမယ်ဆိုရင်အပါယ်လေးဘုံကို ကျိန်းသေကျပါတယ်လို့အမှာရှိထားပါတယ်ဆိုတာကို သတိပြုစေချင်ကြပါတယ်။

နောင်မှနောင်တရပြီး တန်ဖိုးကိုသိရတဲ့အရာ ၃မျိုးရှိပါတယ်။
၁။ ကျန်းမာရေးတန်ဖိုးကိုကို မကျန်းမာတဲ့အချိန်မှသိရပါတယ်။
၂။ တိုင်းပြည်လွတ်လပ်ရေးတန်ဖိုးကို သူ့တစ်ပါးကျွန်ဖြစ်မှ သိနိုင်ပါတယ်။
၃။ လူဘ၀တန်ဖိုးကိုတော့ ငရဲပြည်ရောက်မှ သိနိုင်ပါတယ်။

ဒါကြောင့် မြန်မာဗုဒ္ဓဘာသာဝင်တိုင်း စတုတ္တမြောက်သာသနာဝင်ပုဂ္ဂိုလ်များ ဖြစ်နိုင်ကြပါစေ။

မှတ်ချက်။ ။ အရှင်ဇ၀န(မေတ္တာရှင်) ၏ ၀ိပသာနာတရားတော်မှ ထုတ်နုတ်တင်ပြခြင်းဖြစ်ပါသည်။

Thursday, February 4, 2010

မှတ်သားစ၇ာများ xxxxxxxxxx

ဘာကြောင့်ကြယ်တံခွန်မှာအမြီးတန်းရှိနေတာလဲ ?

ကြယ်တံခွန်ဆိုတာကီလိုမီတာအနည်းငယ်ပဲထူထဲတဲ့ကျောက်သားအကြေအမွတွေ၊ရေခဲအကြေအမွ
တွေဖွဲ့စည်းထားတဲ့ကိုယ်ထည်ကြီးဖြစ်တယ်။သူကနေနဲ့အနီးကိုရောက်လာတဲ့အခါမှာပူလာတယ်။ရေ
ခဲတွေကဓာတ်ငွေ့တွေ
အဖြစ်ပြောင်းလဲသွားတယ်။ဖုန့်မှုန့်အပိုင်းအစတွေကိုအာကာသထဲဆွဲထုတ်ပစ်
ထယ်။နေမှပျံထွက်လာတဲ့အမှုန်လေးတွေစုထားတဲ့တိမ်တိုက်တွေဟာ(အာကာသထဲရှိလေကြောင့်)
သူ့ဓာတ်ငွေ့တွေကိုနောက်
ဘက်တွန်းထုတ်ပြီးဖုန်မှုန့်တွေနဲ့အမြီးတန်းအဖြစ်ဖွဲ့စည်းထားလိုက်ပါတယ်။
နေရဲ့အနားကဖြတ်ပျံနေစဉ်မှာအဲဒီဥက္ကာခဲရဲ့အမြီးတန်းကသိပ်လှတယ်။အလှဆုံးပဲ၊အမြီးတန်းက်ီလို
မီတာသန်းနဲ့ချီပြီးရှည်လျားနိုင်တယ်။တစ်ချို့အမြီးတန်းတွေကသိပ်ကိုပါးလွှာတယ်။ဥပမာအားဖြင့်ကမ္ဘာ့
အနီးမှဘေးဒုက္ခမပေးဘဲဖြတ်ပျံသွားတဲ့ဟေလီကြယ်တံခွန်ရဲ့အမြီးဟာသိပ်ကိုပါးလှပ်ပါတယ်
_____________________________________________________________________
ပင်လယ်ဟာဘယ်လောက်နက်သလဲ ?

ပစိဖိတ်သမုဒ္ဒရာဟာ အနိမ့်ဆုံးအနက် (၄၀၅၀)မီတာနဲ့ အမြင့်ဆုံးအနက်
(၁၁၀၃၀)မီတာရှိပြီး အနက်ဆုံး
ဖြစ်တယ်။ နောက်တစ်ခုဖြစ်တဲ့အိန္ဒိယသမုဒ္ဒရာဟာအနိမ့်ဆုံး
(၃၉၀၀)မီတာနဲ့အမြင့်ဆုံးအနက် (၉၂၀၀)မီ
တာရှိတယ်။အတ္တလန်တိတ်သမုဒ္ဒရာကတော့အနိမ့်ဆုံးအနက်(၃၃၀၀)မီတာနဲ့အမြင့်ဆုံးအနက်
(၉၂၀၀)မီ
တာ၊ အာတိတ်သမုဒ္ဒရာကတော့ အနိမ့်ဆုံးအမြင့်ဆုံးအနက် (၅၅၀၀)မီတာရှိပြီး
မြေထဲပင်လယ်ကအများ
ဆုံးအနက် (၅၁၂၀)မီတာနဲ့ အနည်းဆုံးက (၁၀၀၀)မီတာရှိတယ်။
ပင်လယ်နက်အစုအဝေးရဲ့အောက်ခြေ
ကဘောလ်တစ်ဖြစ်ပြီးအနည်းဆုံးအနက်က
(၄၆၀)မီတာရှိပြီးမြောက်ဘက်ပင်လယ်ကတော့(၉၁-၁၀၀)မီ
တာနက်တယ်။
_____________________________________________________________________
သက်တန့်ဘာကြောင့်ဖြစ်ရတာလဲ ?

သက်တန့်တွေကိုညမှာမမြင်ရဘူးဆိုတာသင်သတိထားမိလိမ့်မယ်။တိမ်ထူတဲ့နေ့တွေနဲ့မိုးရွာနေတဲ့
အခါမှာလည်းသူတို့ကိုသင်
မမြင်ရဘူး။မိုးရွာပြီးကြည်လင်သွားသည့်အခါတွေနဲ့နေပူတုန်းမိုးရွာနေတဲ့
အချိန်အတွင်းမှာသက်တန့်တွေပေါ်ပေါက် လာတယ်။ရေထဲမှာရှိတဲ့ရေစက်ကလေးတွေကိုနေရောင်
ခြည်အလင်းပြန်တဲ့အခါတွေမှာသက်တန့်ကိုတွေ့နိုင်သည်။
____________________________________________________________________
လျှို့ဝှက်စာရေးနည်းပညာ ဆိုတာဘာလဲ ?

လျှို့ဝှက်စာရေး နည်းပညာဆိုတာ စာလုံးတွေ စီရမယ့်နေရာမှာ
ကိန်းဂဏန်းတွေကိုအသုံးပြုပြီး လျှို့
ဝှက်စာတမ်းတစ်စောင်ရေးဖွဲ့တဲ့ အနုပညာတရပ်ဖြစ်တယ်။ အက္ခရာစာလုံး အသီးသီး အတွက်
သီးခြားအ
ထူးပြုစီမံထားတဲ့ ကိန်းဂဏန်းတွေပေးထားပြီး စကားဝှက်စာတစ်စောင်ရေးဖွဲ့ရပါတယ်။
ဒီလျှို့ဝှက်သင်္ကေ
တကို ဆိုက်ဘာစကားဝှက်လို့ခေါ်ပါတယ်။ စကားဝှက်ပုံစံနှစ်မျိုးရှိတယ်။
သတင်းပေးပို့လွှာမှာပါတဲ့ စာလုံး
အသီးသီးအတွက် ကိန်းဂဏန်း၊ စာလုံးသင်္ကေတ တစ်မျိုးမျိုးနဲ့
အစားထိုးရေးသားခြင်းမျိုးလည်း ရှိတယ်။
ဒုတိယအမျိုးအစားကတော့ သတင်းလွှာမှာပါတဲ့ စာလုံး လေးတွေကို နေရာအထား အသို
အစီအစဉ်များ
ပြောင်းလဲပစ်ခြင်းများဖြစ်ပါသည်။ဒီင်္လိုနည်းလမ်းနှစ်သွယ်ကိုအသုံးပြုတဲ့အခါနည်းမျိုးစုံအသုံးပြုကြတယ်။
ပေးပို့သူနဲ့ လက်ခံသူနှစ်ဦးစလုံးမှာ သင်္ကေတနဲ့လျှို့ဝှက်ချက်ကို
ဖော်ထုတ်နိုင်မယ့် သင်္ကေတ အညွှန်းစာ
အုပ် ကိုယ်စီရှိကြတယ်။
_____________________________________________________________________
ကမ္ဘာ့ပထမဆုံး လေကြောင်းလိုင်းကဘာလဲ
KLM (Kiss Me, Leave Me, Miss Me) သည် ကမ္ဘာ့ပထမဆုံး
စီးပွားဖြစ်လုပ်ကိုင်လေကြောင်းလိုင်း
ဖြစ်ပြီး လွန်ခဲ့သောနှစ်ပေါင်း ၈၀ကျော်ကတည်းကပြေးဆွဲခဲ့ခြင်းဖြစ်သည်။
၎င်းကိုနယ်သာလန်နိုင်ငံမှ ဒက်ခ်ျ
လူမျိုး လေယာဉ်မှူး အဲလဘတ်ပလီစ်မန်းက
စတင်ခဲ့ခြင်းဖြစ်သည်။အဲလဘတ်သည်KLMလေကြောင်းလိုင်း
ကို တည်ထောင်ခဲ့ပြီး ၁၉၅၃ ခုနှစ်တိုင်အောင်
KLM၏ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ခဲ့သည်။ယနေ့ခေတ်တွင်တိုက်
ကြီးငါးတိုက်မှ မြို့တော်ပေါင်း ၁၄၀၀ကျော်တွင်
KLMလေကြောင်းလိုင်း၏ကွန်ယက်များဖြန့်ကျုက်ထားပြီဖြစ်
သည် ဟု 7 Day News ဂျာနယ်တွင်ဖော်ပြထားပါသည်။
_____________________________________________________________________
အင်းတော်ကြီးဘာကြောင့်ကမ္ဘာကျော်တာလဲ ?
ကချင်ပြည်နယ်မြစ်ကြီးနားခရိုင်မိုးကောင်းနယ်အတွင်းတည်ရှိသည်။မြန်မာနိုင်ငံ၏အကြီးဆုံးသောသဘာဝ
အင်းကြီးဖြစ်သည်။တောင်နှင့်မြောက်အလျား(၁၆)မိုင်ရှိသည်။
မိုးရာသီအချိန်တွင်အနောက်ဘက်ကမ်းရှိလုံးတုံနှင်အရှေ့ဘက်ကမ်းရှိဟဲမုရွာအကြားရေပြင်အကျယ်ဆုံးဖြစ်
သည်။အနံခုနှစ်မိုင်ကျယ်ဝန်းသည်။ရေပြင်ကြီးသက်သက်အကျယ်အ၀န်းသည်(၄၄.၉)စတုရန်းမိုင်ရှိသည်။
အင်းတော်ကြီးအိုင်အတွင်းအမှိုက်ဒိုက်သရိုက်ကင်းစင်သည်။ရေကြည်လင်သည်။ရေပြင်ကျယ်ကြီးသည်
ပင်လယ်ပြင်တမျှရှုမဆုံးအောင်လှပသည်။အင်းတော်ကြီး၏အလယ်အင်းစွယ်တစ်ခုပေါ်တွင်ရွှေမဉ္ဖူစေတီ
တော်တည်ထားသည်။
အင်းတော်ကြီးသည်ပတ်ပတ်လည်၌တောင်ရိုးတောင်စွယ်များဝိုင်းရံထားသည့်
ချိုင့်ဝှမ်းကြီးဖြစ်သည်။ရွှေမဉ္ဖူစေတီသည်ကချင်ပြည်နယ်၏အဓိကရစေတီတော်ကြီးဖြစ်သည်။ပေါင်းလဆန်း
ုရားပွဲတော်ကျင်းပချိန်နီးကပ်လာလျှင်ဘုရားစေတီအရောက်လူလျှောက်သွားနိုင်ရန်သဲလမ်းမကြီးနှစ်လမ်းပေါ်
လာတတ်သည်။ ဘုရားပွဲတော်ပြီးသည့်အခါသဲလမ်းများရေထဲပြန်မြုပ်သွားတတ်သည်။
_____________________________________________________________________
အိုလံပစ်ပွဲတော်များဘယ်အချိန်က စတင်ခဲ့သလဲ ?ခရစ်တော်မပေါ်မီ(၇၇၆)ခုနှစ်မှစ၍ဂရိလူမျိုးများသည်အိုလံပစ်ပွဲတော်များကိုလေးနှစ်တစ်ကြိမ်
ကျင်းပခဲ့သည်။ထိုအချိန်တွင် zeus
နတ်ဘုရားကိုပူဇော်ရန်ပန်းချီပညာရှင်များစာရေးဆရာများ၊
အားကစားသမားများစုဝေးရောက်ရှိတတ်သည်။အိုလံပစ်ပွဲဟုကျော်ကြားလာခဲ့သည်။ပထမဦးဆုံး
အိုလံပစ်ပြိုင်ပွဲများသည်အားကစားသက်သက်မဟုတ်ချေ၊ပြဇာတ်များကကြသည်၊ကဗျာများရွတ်
ကြသည်။
ပြေးပွဲများကျင်းပကြသည်။ဂရိလူမျိုးများအတွက်အိုလံပစ်ပြိုင်ပွဲများသည်စိတ်နှင့်ရုပ်
ပေါင်းစပ်မှုကိုဖော်ပြပြီး zeus
နတ်ဘုရားထံအောင်ပွဲဆုတောင်းခံနိုင်သည်ဟုယူဆသည်။အိုလံ
ပစ်ပွဲတော်များကို(၃)ရက်ကြာမျှကျင်းပခဲ့သည်။အားကစားသမားများသည်အပြေးပြိုင်ကြ၊လှည်း
မောင်းပြိုင်ကြသည်။ပွဲတော်မစမီကျမ်းသစ္စာကျိန်ရသည်။ပြိုင်ပွဲများအပြီးတွင်ဆုပေးပွဲများစား
သောက်ပွဲများကျင်းပတတ်ကြသည်။
_____________________________________________________________________
အင်းလေးကန်ကြီးဘာကြောင့်ကမ္ဘာကျော်ရသလဲ ?
ရှမ်းပြည်နယ်တောင်ပိုင်း၊ညောင်ရွှေနယ်တွင်တည်ရှိသည်။မြစ်ကြီးနားခရိုင်ရှိအင်းတောင်ကြီးမှလွဲလျှင်
မြန်မာနိုင်ငံမှဒုတိယအကြီးဆုံးသောသဘာဝအင်းအိုင်ကြီးဖြစ်သည်။တောင်နှင့်မြောက်တန်းလျက်ရှိသော
တောင်တန်းကြီး(၂)ခုကြားတွင်ခွက်ဝင်နေသောညောင်ရွှေချိုင့်ဝှမ်းကြီး၏အလယ်အနက်ရှိုင်းဆုံးအပိုင်း၌
တည်ရှိသည်။
အင်းလေးတည်ရာအရပ် သည်ပင်လယ်ရေမျက်နှာပြင်အထက်ပေ(၂၉၀၀)ကျော်မြင့်သည်။
အင်းလေးသည်တောင်ပေါ်အင်းအိုင်ကြီးတစ်ခုဖြစ်သည်။တောင်ရိုးတောင်တန်းများဝန်းရံလျက်ကြည်လင်
ပြာလဲ့သောရေပြင်ကျယ်ကြီးဖြစ်သောကြောင့်မြန်မာနိုင်ငံတွင်သာမကကမ္ဘာတွင်ပါကျော်ကြားသည်။အင်း
လေးသည်တောင်နှင့်မြောက်အလျားကိုးမိုင်ခန့်ရှည်သည်။အကျယ်ဆုံးနေရာ၌အရှေ့နှင့်အနောက်သုံးမိုင်ခွဲ
ခန့်ရှိသည်။ရှေးအခါကအင်းလေးကန်ကြီး၏အကျယ်အ၀န်းသည်စတုရန်းမိင်(၁၉၀)ခန့်ရှိမည်ဟုခန့်မှန်းရ
သည်။အင်းလေးရေပြင်ပေါ်တွင်ရွာကြီး၊ရွာငယ်များတည်ဆောက်ထားသည်။တစ်နေရာမှတစ်နေရာသို့လှေ
များ၊စက်လှေများဖြင့်သွားလာကြသည်။လှေကိုခြေဖြင့်လှော်ခတ်သည်။အင်းလေးဒေသနန်ဟူးရွာရှိဖောင်
တော်ဦးဘုရားသည်ထင်ရှားသည်။
_____________________________________________________________________
ငပလီလို့ဘာကြောင့်ခေါ်တာလဲ ?
အပန်းဖြေစခန်းအဖြစ်ထင်ရှားသည်။ရခိုင်ပြည်နယ်၊သံတွဲမြို့နှင့်လေးမိုင်လောက်သာဝေးကွာသည်။
မဇင်းလေဆိပ်သည်သံတွဲမြို့နှင့်ခုနှစ်မိုင်ခန့်ဝေးသည်။ငပလီကမ်းခြေစခန်းသည်ရွာကလေးဖြစ်သည်။
မဇင်းလေဆိပ်မှ(၂)မိုင်မျှသာဝေးသည်။ငပလီသည်မြန်မာစကားမဟုတ်ပေ။အီတလီလူမျိုးတို့သည်
သံတွဲမြို့အနီးယခုငပလီစခန်းသို့ရောက်လာကြသည်။ငပလီစခန်းနေရာသည်အီတလီနိုင်ငံရှိနေပလီ
(နေပယ်)ကမ်းခြေစခန်းကဲ့သို့အလွန်သာယာသည်။ရှုခင်းလှသည်။ထို့ကြောင့်နေပလီဟုခေါ်တွင်ခဲ့သည်း
နောင်တွင်နေပလီ မှ ငပလီ ဖြစ်လာသည်ဟုဆိုသည်။
_____________________________________________________________________
ပင်းတယမြို့ဘာကြောင့်ကမ္ဘာကျော်နေတာလဲ ?
ရှမ်းပြည်နယ်(တောင်ပိုင်း)ပင်းတယမြို့သည် ဧရာဝတီမြစ်၏မြစ်လက်တက်ဖြစ်သော
ဇော်ဂျီမြစ်တောင်
မှမြောက်သို့ဖြတ်သန်းစီးဆင်းသောမြစ်ဝှမ်း၌တည်ရှိသည်။
ပင်းတယမြို့၏အရှေ့ဘက်ပိုင်းတွင်ကုန်းမြင့်
လွင်ပြင်ကြီးဖြစ်လျက်ရှိသည်။ ပေ(၃၀၀၀)ကျော်မြင့်သည်။ အနောက်ပိုင်းတွင်လည်းပေ
(၅၀၀၀)ကျော်
မြင့်သောတောင်တန်းကြီးရှိသည်။ပင်းတယမြို့သည်တောင်တန်းကြီး၏ခြေရင်းတွင်တည်ရှိသည်။အလွန်
ရှုခင်းလှသည်။ မြို့အ၀င်တွင်နာဂပတ္တန်၊ပုတ္တလုတ်ကန်ဟုခေါ်သော ပင်းတယကန်ကြီးရှိသည်။
ညောင်
ကြတ်ပင်တန်း၏အရိပ်အောက်၌တင့်တယ်စွာရှိသည်။
ပင်းတယမြို့အနောက်တောင်ဘက်ယွန်းယွန်း(၁)
မိုင်ခန့်အကွာတောင်စောင်းပေါ်တွင်စောင်းတန်းအသွယ်သွယ်ရွှေရောင်တ၀င်းဝင်းဖြင့်ရွှေဥမင်ဘုရားရှိ
သည်။ရွှေဥမင်ဘုရား၏ ကျောက်သားဥမင်ကြီးအတွင်း၌ဘုရားဆင်းတုတော်များလက်ညှိုးထိုးမ
လွဲအောင်
များပြားသည်။
_____________________________________________________________________
ဘားအံဆိုတဲ့နာမည် ဘယ်ကရတာလဲ ?
ဘားအံမြို့သည်ကရင်ပြည်နယ်၏မြို့တော်ဖြစ်သည်။လွန်ခဲ့သောနှစ်ပေါင်း(၁၀၀၀)ကျော်ကသံလွင်မြစ်
ကမ်းနဖူးတွင်စုစုပေါင်းအိမ်ခြေ (၂၀၀)ခန့်ရှိရွာလေးတစ်ရွာသာဖြစ်ခဲ့သည်။
ရွာကလေးတည်ရာသံလွင် မြစ်၏ကမ်းစွယ်တွင်အဓိကရ ကျောက်စွန်းကြီးတစ်ခုရှိသည်။
ထိုစွန်းကို ယိုးဒယား၊ ရှမ်းဘာသာဖြင့်ဖား
အမ်း(ကျောက်+အစွယ်)ဟုခေါ်ခဲ့သည်။ဖားအမ်းမှတစ်ဆင့်အသံအနည်းငယ်ပြောင်း၍ဘားအံဟုအမည်
တွင်လာသည်။ ၁၉၀၇ခုနှစ်တွင်မြို့ကွက်ရိုက်ခဲ့သည်။
ဘားအံမြို့နယ်တွင်ထင်ရှားသောတောင်သည်ဇွဲ
ကပင်တောင်ဖြစ်သည်။ဇွဲကပင်ဆုတောင်းပြည့်စေတီတော်တည်ထားသည်။ဘားအံမြို့မှသံလွင်မြစ်ညာ
ရှစ်မိုင်ခန့် အကွာကော့ဂွန်းတောင်၏အရှေ့ဘက်၌ကော့ဂွန်းဂူရှိသည်။
ဘားအံ၏အနောက်ဘက်(၁၂) မိုင်ကွာအရပ်၌ဘုရင်ဂျီဂူ(ဘုရင့်ညီဂူ)ရှိသည်။
ဂူ၏အောက်ခြေတွင်ရေပူစမ်းအိုင်ရှိသည်။ ရေပူစမ်း၊ရေ အေး
စမ်းနှစ်ခုယှဉ်လျက်စီးဆင်းလျက်ရှိသော်လည်းရေပူနှင့်ရေအေးပေါင်းစပ်ခြင်းမရှိကြောင်းတွေ့ရ
သည်။
_____________________________________________________________________
ရွှေစက်တော်ဘေးမဲ့တော ဘယ်မှာရှိသလဲ ?
ခရစ်မပေါ်မီ (၆၀၀)ခုနှစ်တွင်မြတ်စွာဘုရားခြေတော်ရာနှစ်ဆူကိန်းဝပ်စံပယ်ခဲ့၍
အထက်စက်တော်ရာ၊
အောက်စက်တော်ရာဟူ၍ထင်ရှားသည်။ ရွှေစက်တော်ဘေးမဲ့တောကို ၁၉၄၀ပြည့်နှစ်ဇွန်လ
(၂၉)ရက်
တွင်စတင်တည်ထောင်ခဲ့သည်။ မင်းဘူး(စကု)မြို့နယ်၊ ငဖဲမြို့နယ်နှင့်
စေတုတ္တရာမြို့နယ်များပါဝင်
တည်ရှိသည်။ ရွှေစက်တော်ဘေးမဲ့တောသည် (၃၁၄)စတုရန်းမိုင်ကျယ်ဝန်းသည်။
မြန်မာ့ရွှေသမင်ကို
အဓိကထိန်းသိမ်းထားသည်။ ငှက်အမျိုးပေါင်း (၁၁၃)မျိုးလည်းအခြားတိရစ္ဆာန်များနှင့်
အတူကျက်စား
နေထိုင်သည်။ မြန်မာနိုင်ငံတွင်ရွှေစက်တော်ဘေးမဲ့တောအဖြစ်
ခါကာဘိုရာဇီအမျိုးသားဥယျာဉ်၊ အင်း
တော်ကြီးဘေးမဲ့တော၊အင်းလေးဒေသ၊လန်ပိဘေးမဲ့တော၊မိန်းမလှကျွန်းဘေးမဲ့တော၊အလောင်းတော်
ကဿပအမျိုးသားဥယျာဉ်တို့လည်းအထူးထင်ရှားသည်။
မြန်မာနိုင်ငံတွင်အမျိုးသားဥယျာဉ်ခြောက်ခု၊
တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော (၃၅)ခုရှိသည်။ တောင်ဥယျာဉ်အဖြစ်
ပုပ္ပါးတောင်ဥယျာဉ်တစ်ခုသာရှိ
သည်။
_____________________________________________________________________
မီးသေတောင်ကြီးဘယ်မှာရှိသလဲ ?
ပုပ္ပါးတောင်သည်နတ်တောင်ဟူ၍လည်းကောင်း၊မီသေတောင်ဟူ၍လည်းကောင်းထင်းရှား
သည်။မန္တလေးတိုင်း၊မြင်းခြံခရိုင်အရှေ့ဘက်စွန်းတွင်ထီးထီးကြီးတည်ရှိနေသည်။
ပဲခူးရိုးမ
တောင်တန်း၏မြောက်ဘက်အစွန်းတွင်သီးခြားထိုးထွက်နေသောမီးတောင်ဟောင်းကြီးတစ်
ခုဖြစ်သည်။ ပင်လယ်ရေမျက်နှာပြင်အထက်(၄၉၈၁) ပေမြင့်သည်။ ပတ်ဝန်းကျင်၌တောင်
များမရှိပေ။ တစ်တောင်တည်း မီတောင်၏ထိပ်ခွက်ခွက်နှင့်ထိုးထွက်နေသည်။
မိုင်(၄၀)ခန့်
ဝေးသောဧရာဝတီမြစ်ပေါ်မှပင်မြင်နိုင်သည်။ အနောက်ဘက်သို့အနည်းငယ်ထွန်းလျက်နိမ့်
သည်။ တောင်ဘက်၊ အနောက်ဘက်နှင့်အရှေ့ဘက်တို့တွင်မြင့်မားသည်။ ပုပ္ပါးတောင်ကြီး
ကို အရပ်လေးမျက်နှာမှကြည့်လျှင် ပုံသဏ္ဍာန်လေးမျိုးဖြင့်မြင်နိုင်သည်။
မီးတောင်ထိပ်ဝ
(၃၀၀၀) ခန့်နက်ရှိုင်းသော ချောက်ကြီဖြစ်ပေါ်လျက်ရှိသည်။
ပုပ္ပါးမီးတောင်သည်တစ်ကြိမ်
သာ ပေါက်ကွဲခဲ့ပုံရသည်။ ပုပ္ပါးမြို့ကလေးသည်
ချော်ကုန်းပြင်မြင့်ပေါ်၌တည်ထားခြင်းဖြစ်
သည်။
____________________________________________________________________
ရှေးဟောင်းပျူမြို့တော်ကြီး ဘယ်မှာရှိသလဲ ?
သရေခေတ္တရာမြို့ဟောင်းသည်ပြည်မြို့အရှေ့တောင်ဘက်ငါးမိုင်အကွာတွင်ရှိသည်။
အုတ်မြို့ရိုးကိုကျုံးပတ်လည်
ဝိုင်းထားသည်။စက်ဝိုင်းပုံမကျတကျဖြစ်ပြီးတောင်
မြောက်နှစ်မိုင်ခွဲ၊အရှေ့အနောက်နှစ်မိုင်ခန့်ကျယ်ဝန်းသည်။ပြည်
ပေါက်ခေါင်းသွားကားလမ်းကို မြောက်ဘက်မြို့ရိုးပေါ်မှဖြတ်လျက်တည်ဆောက်ထားသည်။
မှောဇာဘူတာသည်မြို့
ဟောင်း၏ဗဟိုနေရာအရှေ့မြောက်ဘက်ယွန်းယွန်းတွင်တည်ရှိသည်။
ပျူခေတ်ရှေးဟောင်းအဆောက်အအုံများနေ
ရာအနှံတွေ့မြင်နိုင်သည်။ မြို့ရိုးအလယ်ဗဟိုတွင် နန်းတော်ကုန်းနေရာရှိသည်။
စတုဂံအုတ်ရိုး ကာရံထားသည်။
တောင်ဘက်မြို့ရိုးအပြင်ဘက်၌အရှေ့ပျူတိုက်၊အနောက်ပျူတိုက်နှင့်ဗိဿနိုး
သင်္ချိုင်းကျန်ရှိသေးသည်။
_____________________________________________________________________
Ref = MM Talk (Mtalk ဆိုဒ်မှကူးယူဖော်ပြပါသည်) Tags:
မျှဝေမယ်။ Twitter

အရာရာတိုင်းသည် တည်မြဲခြင်းမရှိ .........

အရာရာတိုင်းသည် တည်မြဲခြင်းမရှိ။ အချိန်တိုင်း အမြဲတမ်း ဖောက်ပြန်ပြောင်းလဲ ပျက်စီးနေကြသည်ကို ဉာဏ်မျက်စိဖြင့် မြင်အောင် ကြည့်နိုင်ဖို့ လိုအပ်သည်။ စကြာဝဠာ အတွင်းရှိ မည်သည့်အရာပင် ဖြစ်လင့်ကစား တစ်နေ့နေ့ တစ်ချိန်ချိန်တွင် ပျက်စီးရပေလိမ့်မည်။ ဤသည်ကား လောကနိယာမ တရားသဘောပင်ဖြစ်သည်။ တည်မြဲသော အတ္တသဘော တစ်ခုမျှ မရှိ။ အားလုံးသည် မမြဲသော အနိစ္စသဘောသာ ရှိသည်။ ဤကဲ့သို့ သံဝေဂ သဘောတရားများကို သိရှိလာပြီဆိုလျှင် တွယ်တာခြင်း၊ ကပ်ငြိခြင်း စသည့်လောဘ သဘောသည် နည်းပါးလာရပေသည်။ ယင်းကဲ့သို့ သံဝေဂ သဘောတရားများကို မသိရှိသေးသ၍ လောဘသည် အဆုံးသတ်နိုင်လိမ့်ဦးမည် မဟုတ်။ ထပ်တိုးဖို့သာ ရှိပေလိမ့်မည်။ မည်သည့် ခံစားမှု ဝေဒနာမှန်သမျှကို သတိဉာဏ်ဖြင့် စောင့်ကြည့်နိုင်မှသာလျှင် နောက်ထပ်တစ်ဆင့် ဖြစ်သော လောဘအဆင့်သို့ မရောက်နိုင်အောင် တားဆီးနိုင်လိမ့်မည်။ (အိန္ဒိယနိုင်ငံ၊ နယူးဒေလီတက္ကသိုလ်)
 http://ashinnyanadipa.blogspot.com

Wednesday, February 3, 2010

တစ်ချို့  သော သူငယ်ချင်းများရဲ့  သဘောထား နှင့် အမူအကျင့်လေးတွေ.........

၁။ မိတ်ဖွဲ့တယ်၊ သူငယ်ချင်း အပေါင်းအသင်း စုဆောင်းတယ် သူငယ်ချင်းတွေအကြား ယုံကြည်စွာ တည်ဆောက်ထားတဲ့ ရင်းနှီးခင်မင်မှုမျိုးဟာ
ဘဝတစ်သက်တာ အတွက် အကောင်းဆုံး အနွေးထည်ပါပဲ။ အဲဒါဟာ သင့်ရဲ့ စာရိတ္တနဲ့
စိတ်နေစိတ်ထားအပေါ်မှာ မူတည်ပြီး ဖြစ်တည်လာတဲ့အတွက် တန်ဖိုးထားပါ။
သူငယ်ချင်းတွေကိုလည်း ငွေစုသလိုပဲ စုဆောင်းတတ်ရမယ်၊ အခုချိန်မှာ
သူငယ်ချင်း ဘယ်နှယောက်မှ မရှိသေးပဲ ချို့တဲ့နေရင်လည်း စိတ်မပူပါနဲ့၊
ဖြူစင်တဲ့စိတ်ထားနဲ့ စိတ်ပါလက်ပါ မိတ်ဖွဲ့မယ်ဆိုရင် အခါမနှောင်းသေးပါဘူး။

၂။ လက်လွှတ်နိုင်အောင်(ဥပက္ခာပြုတတ်အောင်) ကြိုးစားတယ်
ဒီအသက်အရွယ် ရောက်နေမှတော့ ကလေးဆန်ခွင့် မရှိတော့ဘူး။ ဘဝမှာ
ကြုံရဆုံရတတ်တဲ့ တချို့သော ချစ်ခြင်းတွေ၊ ဖူးစာတွေ၊ စိတ်ပိုင်း
ရုပ်ပိုင်း မွေ့လျော်ရာတွေ တစုံတရာကို အခွင့်ပေးတုန်း အရမယူနိုင်ခဲ့ရင်
လက်လွှတ်လိုက်ပြီး ကိုယ့်ကိုကိုယ် တာထွက်မှတ် အသစ်တစ်ခု ပြန်ပေးပါ။
မိမိကိုယ်ကို ယုံကြည်မှု ရှိနေသ၍ အင်အားရှိနေမယ်၊ ထို့အတူ အားထုတ်မှု
ရှိနေသ၍ အောင်မြင်ခြင်း ရှိနေမှာပဲ။

၃။၊ ဂရုဏာစိတ်ထားတယ်
တတ်စွမ်းသ၍ ကိုယ့်ထက် ဆင်းရဲ၊ ခက်ခဲသူတွေကို မိခင်လောကကြီးရဲ့
မျှော်လင့်ချက်ရောင်ခြည်နဲ့ အလှတရားတွေကို ခံစားနိုင်အောင် ကြံဆောင်ရမယ်။
ဒီလို အပြုအမူမျိုးဟာ ပျိုးကြဲနေတာနဲ့ အတူတူပဲ၊ တချိန်ချိန်မှာ
လူ့သဘာဝရဲ့ အလှပဆုံး အသီးအနှံတွေအဖြစ် ရိတ်သိမ်းရလိမ့်မယ်။

၎။ ဂီတနဲ့ အကျွမ်းတဝင်ဖြစ်အောင်နေတယ်
ဂီတတူရိယာ တမျိုးမျိုးကို သင်ယူ/နားလည် နေရမယ်၊ ဂီတဟာ လူ့စိတ်ကို
လန်းဆန်းစေတဲ့အပြင် မှတ်ဥာဏ်နဲ့ စိတ်ကူးစိတ်သန်းတွေကို နှိုးဆွပေးတယ်၊
ထင်မှတ်မထားတဲ့ တည်ငြိမ်မှုတွေကို ဆောင်ကြဉ်း ပေးနိုင်တယ်။ နောက်ပြီး
ဓာတ်ပုံပညာ၊ ပစ္စည်းစုဆောင်းခြင်း စတဲ့ ဝါသနာတွေဟာလည်း အသွင်မတူတဲ့
သာယာစိုပြေမှုကို ပေးစွမ်းနိုင်တယ်။

၅။ ဒုက္ခ ၂ မျိုးကို ဝေးဝေးရှောင်တယ်
ဒီလောကကြီးမှာ ဒုက္ခ ၂ မျိုး အမြဲတွေ့ရတယ်၊ တမျိုးက လိုတာမရတဲ့ ဒုက္ခ၊
နောက်တမျိုးက အစွဲအလန်း ကြီးတဲ့ဒုက္ခ။ ပထမဒုက္ခဖြစ်တဲ့ လိုချင်တာမရခဲ့ရင်
အဲသလို ဖြစ်စဉ်ကို လောင်းကစား တစ်ခုလို့ပဲ သဘောထားလိုက်ပါ၊ အစွမ်းကုန်

ကြိုးစားလုပ်ခဲ့ပြီး ရလာခဲ့ရင်ဖြစ်ဖြစ်၊ မရခဲ့ရင်ပဲဖြစ်ဖြစ် အတွင်းစိတ်က
ပုံမှန်အတိုင်းပဲ ရှိနေသင့်တယ်၊ ကံကောင်းတာက ဒီအသက်အရွယ်နဲ့ တစ် က
ပြန်စဖို့ အရင်းအနှီး ရှိနေသေးတယ် ဆိုတာပဲ။ ဒုတိယဒုက္ခကတော့
အဆုံးရွားဆိုးဒုက္ခပဲ ဖြစ်လိမ့်မယ်၊ အခုထိ အဲလို အစွဲအလန်းမျိုး
ရှိနေသေးရင် အမြန်ဆုံး မောင်းထုတ်ပစ်ပါ။

၆။၊ ခံနိုင်ရည်ရှိအောင် ကြိုးစားတယ်
တချို့အဖြစ်အပျက်တွေဟာ မသိမသာ မေ့ပစ်ဖို့ပဲ၊ နောင်တကြိမ် ထပ်ကြုံလာတဲ့အခါ
အသိဥာဏ်လည်း လိုက်ပြီး တိုးပွားလာမယ်။ တချို့ ဝမ်းနည်းစရာ၊ စိတ်ညစ်ညူးစရာ
ကိစ္စတွေကျတော့ အံကြိတ်ပြီး တောင့်ခံဖို့ပဲ၊ တကြိမ်တခါ ကြုံဖူးပြီးတိုင်း
ဘဝကြီးက ပိုပြီး ပြည့်စုံလာမှာပဲ။ ဒီအသက်အရွယ် ရောက်မှတော့
ကလေးဘဝတုန်းကလို အော်ကြီးဟစ်ကျယ်နဲ့ ရှိုက်ကြီးတငင် ငိုနေဖို့
မသင့်တော့ဘူး။

၇။ အမြဲတစေ ကျေးဇူးသိတတ်တဲ့စိတ်ထားတယ်
အသုဘတစ်ခုကို သွားပြီးပြန်လာတဲ့အခါ စိတ်ထဲမှာ သံဝေဂ ရနေတတ်မယ်၊
အပြင်းဖျားပြီး ပြန်ကောင်း လာတဲ့အခါ အသက်ကို ပိုပြီး တန်ဖိုးထားလာတတ်မယ်။
ဆိုလိုတာက ကိုယ့်အပေါ် ကျရောက်နေတဲ့ ကျေးဇူးတရားကို အစဉ်အမြဲ
အမှတ်ရနေရမယ်၊ ကျေးဇူးသိတဲ့စိတ်ဟာ ပတ်ဝန်းကျင်ကို ပိုပြီး
တန်ဖိုးထားတတ်စေရုံတင် မကပဲ လောဘ ဒေါသ မောဟ မီးလျှံတွေကို
ချုပ်ငြိမ်းစေနိုင်တယ်။ တကယ်တမ်းကျတော့ ကြည်နူးချမ်းမြေ့ခြင်းက အဲဒီက
မြစ်ဖျားခံတာပဲ။

၈။၊ အလုပ်အပေါ် သံယောဇဉ်အရမ်းရှိတယ်
အလုပ်ဆိုတာ လက်ဖက်ရည်သောက်တာ၊ အာလူးဖုတ်တာလိုမျိုး စိတ်လက်ပေါ့ပါးမှု
မပေးနိုင်ပေမယ့် သူဟာ ကျွန်တော်တို့ရဲ့ ဥာဏ်ရည်ဥာဏ်သွေးနဲ့ အစွမ်းအစကို
စမ်းသပ်နေတဲ့ အရာတစ်ခုပဲ။ အဲဒီက တဆင့် တန်ဖိုးနဲ့ အောင်မြင်ခြင်းကို
နားလည်စေတာပဲ။ သူ့ကို ပုံအောပြီးချစ်လိုက်ပါ၊ အနည်းဆုံး သူ့ကြောင့်မို့သာ
ကျွန်တော်တို့ ဘဝတစ်ခုလုံးရဲ့ အစိပ်အပိုင်း တော်တော်များများမှာ
လုပ်စရာရှိနေပြီး၊ စားစရာလည်း ရှိနေတာပါ။

၉။၊ လေ့လာသင်ယူရာမှာ ဇွဲနပဲကြီးတယ်
စာဖတ်ခြင်းနဲ့ သင်ယူခြင်းဟာ အသိဥာဏ်နဲ့ စကားစမြည် ပြောနေတာပါပဲ၊
နှစ်တိုင်း အနည်းဆုံး စာအုပ်ရေ ၅၀ ဖတ်ရမယ်။ စာဖတ်ခြင်းဟာ မှတ်ဥာဏ်နဲ့
ခံစားနားလည်နိုင်စွမ်းကို ထိန်းထားနိုင်ရုံမက စာဖတ်သူမှာ
ဆွဲဆောင်မှုရှိတဲ့ သံလိုက်ဓာတ်တမျိုး ရှိနေစေတယ်။ ဒါဟာလည်း yoga
သင်တန်းတို့၊ ဗျူတီပါလာတို့က မပေးနိုင်တဲ့ အရာပါ။

၁၀။၊ အားကစားကို ခုံမင်နှစ်ခြိုက်တယ်
အချိန်ကို မှန်ကန်စွာ စီမံခန့်ခွဲပြီး အားကစားလုပ်တယ်၊ သဘာဝကို ခံစားတယ်။
အကျိုးကျေးဇူးက ပျင်းရိခြင်းကြောင့် ကိုယ်အလေးချိန် တက်မလာတော့ဘူး၊
ရုပ်ရည်ကလည်း ဇရာဖိစီးမှုကြောင့် ယိုယွင်း မသွားတော့ဘူး၊ အတိုင်းအတာ
တစ်ခုထိ နုပျိုခြင်း၊ ပျော်ရွှင်ခြင်းနဲ့ ကျန်းမာခြင်းကို
ထိန်းထားနိုင်လိမ့်မယ်။........

အလှူဟူသည်---

အလှူဟူသည်---

နတ်ပြည်၏ စောင်းတန်းလှေခါးဖြစ်သည်။
မြတ်သော ရိက္ခာထုပ်ဖြစ်သည်။
ခရီးဖြောင့်လည်းဖြစ်သည်။
မြတ်သော မဂ် ဖိုလ် နိဗ္ဗာန်၏ အကြောင်းဖြစ်သည်။
အစိုးရခြင်းကို ဖြစ်စေတတ်သည်။
စည်းစိမ် ချမ်းသာကို ပေးတတ်သည်။
ချမ်းသာကို ပွားစေတတ်သည်။
မိမိကိုယ်ကို စောင်မတတ်သည်။
မယဉ်ကျေးသူတို့ကို ယဉ်ကျေးစေတတ်သည်။
အလုံးစုံသော အကျိုးကို ပြီးစေတတ်သည်။
အမွန်မြတ်ဆုံး မင်္ဂလာတစ်ပါးလည်း ဖြစ်သည်။
---------

သူတော်ကောင်းအလှူ ငါးမျိုး-

အလှူဒါနအမျိုးမျိုး-
သူတော်ကောင်းအလှူသည် ငါးမျိုးရှိ၏။

၁။ သဒ္ဓါဒါန။
၂။ သက္ကစ္စဒါန။
၃။ ကာလဒါန။
၎။ အနုဂ္ဂဟိတဒါန။
၅။ အနုပဟစ္စဒါန တို့ဖြစ်ကြသည်။

၁။ သဒ္ဓါဒါန-
ကံ ကံ၏အကျိုးကို ယုံကြည်၍ အလှူခံပုဂ္ဂိုလ်တို့အား ပေးလှူခြင်းကို သဒ္ဓါဒါနဟု ခေါ်သည်။

ထိုသူသည် ဖြစ်လေရာ ဘုံဘ၀တို့၌ ဥစ္စာပစ္စည်း ကြွယ်ဝချမ်းသာ၏။
များသော အသုံးအဆောင်ရှိ၏။
ရှုချင်စဖွယ်ရှိ၏။
စိတ်ကြည်လင်ဖွယ်ရှိ၏။
လွန်ကဲသော အဆင်းသဏ္ဍန်နှင့် ပြည့်စုံ၏။

၂။ သက္ကစ္စဒါန-
လှူဖွယ်ဝတ္ထုကို ကောင်းကောင်းမွန်မွန် သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်း ပြုပြင်၍ အလှူခံပုဂ္ဂိုလ်အား ရိုသေစွာ လှူခြင်းကို သက္ကစ္စဒါနဟု ခေါ်သည်။

ထိုသူသည် ဖြစ်လေရာ ဘုံဘ၀တို့၌ ဥစ္စာပစ္စည်း ကြွယ်ဝချမ်းသာ၏။
များသော အသုံးအဆောင်ရှိ၏။
သား၊ မယား၊ ကျေးကျွန်၊ အခြွေအရံတို့ မိမိစကားကို နားထောင်တတ်သည်။
တတ်သိနားလည်လွယ်သော ဉာဏ်ရှိသည်။
လှူဖွယ်ဝတ္ထုကို ကောင်းမွန်စွာ မစီမံဘဲ ဖြစ်ကတတ်ဆန်း လှူသောသူသည် ဖြစ်လေရာ ဘုံဘ၀၌ ဥစ္စာစည်းစိမ် ရှိသော်လည်း သား မယား ကျေးကျွန်တို့အပေါ်၌ မိမိသြဇာ မညောင်းဖြစ်တတ်သည်။

၃။ ကာလဒါန-
လှူဖွယ်ပစ္စည်းတို့ကို အချိန်ကာလနှင့် လျော်ညီစွာ လှူဒါန်းခြင်းကို ကာလဒါနဟု ခေါ်ဆိုသည်။

ထိုသူသည် ဖြစ်လေရာ ဘုံဘ၀တို့၌ ဥစ္စာပစ္စည်း ကြွယ်ဝချမ်းသာ၏။
များသော အသုံးအဆောင်ရှိ၏။
အချိန်ကာလနှင့်လျော်စွာ အကျိုးတရား များစွာရနိုင်သည်။
လိုအပ်သောအချိန်၌ လိုအပ်သောပစ္စည်းကို ရတတ်သည်။
အချိန်အခါမဟုတ်ဘဲ လှူဒါန်းသောသူသည် ဥစ္စာစည်းစိမ်ရှိသော်လည်း လိုအပ်သောအချိန်၌ လိုအပ်သောပစ္စည်းကို မရတတ်။

၎။ အနုဂ္ဂဟိတဒါန-
အလှူခံပုဂ္ဂိုလ်အား ချီးမြောက်လို၍ လှူခြင်းကို အနုဂ္ဂဟိတဒါနဟုခေါ်သည်။

ထိုသူသည် ဖြစ်လေရာ ဘုံဘ၀တို့၌ ဥစ္စာပစ္စည်း ကြွယ်ဝချမ်းသာ၏။
များသော အသုံးအဆောင်ရှိ၏။
ရရှိသော စည်းစိမ်ဥစ္စာအပေါ်၌ သုံးဆောင်လိုစိတ်ရှိသည်။ သုံးလည်းသုံးဆောင်သည်။
အလှူခံအပေါ် ချီးမြှောက်လိုစိတ်မရှိဘဲ လှူသောသူသည် ဥစ္စာစည်းစိမ်ရှိသော်လည်း မွန်မြတ်သော အသုံးအဆောင်တို့ကို သုံးဆောင်လိုစိတ်မရှိ၊ မသုံးဆောင်ရဘဲလည်း ရှိတတ်သည်။ အညံ့စားတို့ကိုသာ သုံးဆောင်ရတတ်သည်။

၅။ အနုပဟစ္စဒါန-
မိမိကိုလည်းကောင်း သူတပါးကိုလည်းကောင်း မငြိစွန်း မထိခိုက်စေဘဲ လှူခြင်းကို အနုပဟစ္စဒါနဟု ခေါ်သည်။

ထိုသူသည် ဖြစ်လေရာ ဘုံဘ၀တို့၌ ဥစ္စာပစ္စည်း ကြွယ်ဝချမ်းသာ၏။
များသော အသုံးအဆောင်ရှိ၏။
မိမိဥစ္စာကို ရန်သူမျိုးငါးပါး မဖျက်ဆီးနိုင်။
အမွေခံ သားဆိုး သမီးဆိုးတို့ မဖျက်ဆီးနိုင်။

မိမိနှင့် သူတပါးကို ငြိစွန်းထိခိုက်၍ လှူဒါန်းသူသည် စည်းစိမ်ဥစ္စာရှိသော်လည်း ရန်သူမျိုးငါးပါးတို့၏ နှိပ်စက်ဖျက်ဆီးခြင်းကို ခံရတတ်သည်။

ဆောင်ပုဒ်။ ။သဒ္ဓါကြည်ညို၊ ရိုသေလှစွာ၊ အခါကိုသိ၊ ချီးမြှောက်ဘိလျက်၊
မထိမပါး၊ ပေးလှူငြား၊ ငါးပါး သပ္ပုရိသ မြတ်ဒါန။


အလှူဒါန နဲ့ ပတ်သတ်တဲ့ post တစ်ခုမှာ ဒါန နဲ့ ပတ်သတ်တဲ့ အကြောင်းအရာတွေကို သူငယ်ချင်းတွေအားလုံးဆက်စပ်ပြီး ဖတ်လို့ ရအောင် ထပ်ပြီး ရေးထည့်ပေးလိုက်ပါတယ်...